Sunday, May 13, 2012

မင်းနဒီခ၏ ပိုးသားရောင်ပင်လယ်လမ်း ကဗျာစုစည်းမှုစာအုပ် မိတ်ဆက်ပွဲကျင်းပ




ဆရာ မင်းနဒီခ၏ ပိုးသားရောင်ပင်လယ်လမ်း ကဗျစုစည်းမှု စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ၁၃.၅.၂၀၁၂ နှစ်တွင် ဆရာ မင်းနဒီခ၏ နေအိမ်ဖြစ်သော (၁၉) လမ်း (၈၉)လမ်းနှင့် လမ်း (၉၀) ကြားရှိ ကောင်းမြင့်စံ စတိုးဆိုင်ခြံဝင်းအတွင်း၌ နံနက် (၉) နာရီအချိန်မှ စတင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဆရာ စိုးဘားဒိုင် မှတာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။ ထို့နောက် ဆရာ မောင်ကြည်သာ(တောင်တွင်း)၊ ဆရာနေမျိုး၊ ဆရာ မောင်စိုးသစ်၊ ဆရာ စိုးနိုင်(မန္တလေးတက္ကသိုလ်) တို့မှ အမှာစကားပြောကြားပေးခဲ့ကြပြီးနောက် ဆရာ မင်းနဒီခ မှ ပိုးသားရောင်ပင်လယ်လမ်း ကဗျာစုစည်းမှုစာအုပ်နှင့်ပတ်သတ်ပြီး ရှင်းလင်းတင်ပြခဲ့ကာ အခမ်းအနား ပထမပိုင်းအစီအစဉ် ကို နံနက် (၁၁) နာရီခန့်မှာ ခေတ္တရပ်နားခဲ့ပြီး တက်ရောက်လာကြသော ဧည့်သည်တော်များကို ထမင်း၊ ဟင်းများဖြင့် ဧည့်ခံခဲ့ပါတယ်။
အခမ်းအနား ဒုတိယအစီအစဉ်အရ တက်ရောက်လာကြသော ဧည့်သည်တော်များထဲမှ ကဗျာဆရာများဖြစ်ကြသော ဆရာ ကလင့်(မန္တလေး)၊ ဆရာ ထွန်းလင်းသစ် (ကန့်ဘလူ)၊ ဆရာ မောင်ဆွေသစ် (မန္တလေး)နှင့် ဆရာ ထွန်းလွင်သွယ် (ဆူးဖြူရိပ်) တို့မှ ဆရာ မင်းနဒီခ၏ ပိုးသားရောင်ပင်လယ်လမ်း ကဗျာစုစည်းမှုစာအုပ်ထဲမှ မိမိတို့ စိတ်ကြိုက် ကဗျာများကို ရွေးချယ်ရွတ်ဆိုခဲ့ကြပါတယ်။ ထို့နောက် ဆရာ ဆွေနိုင် မှ ဆရာ မင်းနဒီခ ၏ ပိုးသားရောင်ပင်လယ်လမ်း ကဗျာစုစည်းမှု စာအုပ်ထဲမှ ကဗျာတစ်ပုဒ်ဖြစ်သော မိသားစုကဖေးရဲ့ လွတ်နေသော ထိုင်ခုံလေးတစ်လုံးအကြောင်း ကဗျာကို ဂစ်တာဖြင့် ရွတ်ဆိုပြခဲ့ပြီး ညနေ (၃) နာရီခန့်တွင် အခမ်းအနားရုတ်သိမ်းခဲ့ပါတယ်။ ယခုပွဲကို မန္တလေးမြို့ရှိ စာရေးဆရာ၊ ကဗျာဆရာများ၊ သတင်းထောက်များ အပါအ၀င် ဧည့်သည်တော် (၈၀) ခန့်တက်ရောက်ခဲ့ကြပါတယ်။

ဆရာမင်းနဒီခ၏ ပိုးသားရောင်ပင်လယ်လမ်းကဗျာစုစည်းမှု စာအုပ်မိတ်ဆက်ပွဲမှ အမှတ်တရပုံရိပ်အချို့



0 ဦးမှတ်ချက်ရေးထားသည်။:

Post a Comment